ပါဝင်သောအကြောင်းအရာများ
- ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS စာမေးပွဲအကြောင်း
- Listening
- Academic Reading
- General Training Reading
- Academic Writing
- General Training Writing
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS စာမေးပွဲအကြောင်း
Listening
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့စာမေးပွဲနဲ့ စာရွက်ပေါ်မှာရေးဖြေ ဖြေဆိုရတဲ့ စာမေးပွဲမှာပါတဲ့ Listening မေးခွန်းပုံစံအမျိုးအစားများက အတူတူပဲဖြစ်ပါတယ်။
ဖြေဆိုရမဲ့ task များကတော့ အောက်ပါအတိုင်းပါဝင်ပါတယ်။
- Multiple Choice
- Matching
- Plan/Map/Diagram Labelling
- Form Completion
- Note Completion
- Table Completion
- Flow-chart Completion
- Summary Completion
- Sentence Completion
- Short Answer Questions
စာမေးပွဲရဲ့ အပိုင်း(၄)ပိုင်းစလုံးမှာ ဤမေးခွန်းပုံစံအမျိုးအစားများ တစ်ခုမဟုတ် တစ်ခုပါဝင်မှာဖြစ်ပါတယ်။
စာမေးပွဲ နမူနာမေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ အဖြေပြန်တိုက်ဖို့အတွက် Answer key များနှင့် အသံဖိုင်များ၏ transcripts များကိုကြည့်ရှုရန်အတွက်လည်းဖော်ပြပေးထားပါတယ်။ နမူနာတိုင်းမေခွန်းတိုင်းမှာ အသံဖိုင်များမစတင်မီ မေးခွန်းများကိုလေ့လာနိုင်ဖို့အတွက် အချိန်အနည်းငယ်ရရှိမှာဖြစ်ပြီး ဖြေဆိုလို့အပြီးမှာတော့ အဖြေများကိုပြန်လည်စစ်ဆေးနိုင်ဖို့အတွက် အချိန်အနည်းငယ်ရရှိဦးမှာဖြစ်ပါတယ်။
Listening Multiple Choice နမူနာမေးခွန်းများ (အဖြေတစ်ခုသာ) အသံဖိုင်ရဲ့ အပိုင်း (၃) မှာပါဝင်တဲ့ အကြောင်းအရာများကို ကြားနိုင်မှာဖြစ်ပြီး အဲဒီအထဲမှာတော့ Judy လို့အမည်ရတဲ့ ကျောင်းသူ ရဲ့ သုတေသန အကြောင်းကို သူမရဲ့ ဆရာ၊ အခြားကျောင်းသားများနဲ့ ဆွေးနွေးကြတဲ့ အကြောင်းပဲဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီအတွက် အဖြေမှန်ကို ကလစ်နှိပ်ပါ။ |
Listening Multiple Choice နမူနာမေးခွန်းများ (အဖြေတစ်ထက်ပိုပါသည်)အသံဖိုင်ရဲ့ အပိုင်း (၁) မှာပါဝင်တဲ့ အကြောင်းအရာများကို ကြားနိုင်မှာဖြစ်ပြီး အဲဒီအထဲမှာတော့ လူနှစ်ယောက် စာကြည့်တိုက်နဲ့ပတ်သက်ပြီး ညွှန်ကြားပြောဆိုနေတာဖြစ်ပါတယ်။အဖြေမှန်များကို ကလစ်နှိပ်ပါ။ |
Listening Matching ပုံစံ နမူနာမေးခွန်းအသံဖိုင်ရဲ့ အပိုင်း (၂) မှာပါဝင်တဲ့ အကြောင်းအရာများကို ကြားနိုင်မှာဖြစ်ပြီး အဲဒီအထဲမှာတော့ အမျိုးသမီးတစ်ဦး က ဝန်ထမ်း အသစ်တစ်ဦးနဲ့ ကလေးများရဲ့ နွေရာသီ စခန်း မှာပြောဆိုနေတာဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီအတွက် အဖြေမှန်ကို ကလစ်နှိပ်ပြီး ကွပ်လပ်နေရာသို့ ရွှေ့ပါ။ |
Listening Plan/Map/Diagram Labelling ပုံစံ နမူနာမေးခွန်း (Type A)စာမေးပွဲရဲ့ အပိုင်း (၂) မှာပါဝင်တဲ့ အကြောင်းအရာများကို ကြားနိုင်မှာဖြစ်ပြီး အဲဒီအထဲမှာတော့ ဧည့်လမ်းညွှန်တစ်ဦးက ယူအက်စ် မှာရှိတဲ့ နေရာများအကြောင်းကို ပြောဆိုနေတာဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီအတွက် ဇယားအတွင်းမှာရှိတဲ့ မှန်ကန်တဲ့ကွပ်လပ်နေရာကို ကလစ်နှိပ်ပါ။ |
Listening Short Answer ပုံစံ နမူနာမေးခွန်းစာမေးပွဲရဲ့ အပိုင်း (၂) မှာပါဝင်တဲ့ အကြောင်းအရာများကို ကြားနိုင်မှာဖြစ်ပြီး အဝတ်အထည်ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက အထက်တန်းကျောင်းသားများအား ရှင်းလင်းပြောကြားနေခြင်းဖြစ်ပါတယ်။ မေးခွန်းတစ်ခုစီအတွက် အဖြေကို ကွပ်လပ်တွင်ရေးပါ။ |
Reading
Academic Reading
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS Academic Reading မေးခွန်းပုံစံအမျိုးအစားများမှာ စာရွက်ပေါ်မှာရေးဖြေဖြေဆိုရတဲ့ စာမေးပွဲ နှင့် အတူတူပဲဖြစ်ပါတယ်။
ဖြေဆိုရမဲ့ task များကတော့ အောက်ပါအတိုင်းပါဝင်ပါတယ်။
- Multiple Choice
- Identifying Information (True/False/Not Given)
- Identifying a Writer’s Views/Claims (Yes/No/Not Given)
- Matching Information
- Matching Headings
- Matching Features
- Matching Sentence Endings
- Summary Completion
- Note Completion
- Table Completion
- Flow-chart Completion
- Diagram Label Completion
- Short Answer Questions
စာမေးပွဲရဲ့ အပိုင်း(၃)ပိုင်းစလုံးမှာ ဤမေးခွန်းပုံစံအမျိုးအစားများ တစ်ခုမဟုတ် တစ်ခုပါဝင်မှာဖြစ်ပါတယ်။
Academic Reading စာမေးပွဲရဲ့ နမူနာမေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ အဖြေပြန်တိုက်ဖို့အတွက် Answer key များ ကိုကြည့်ရှုရန်အတွက်လည်းဖော်ပြပေးထားပါတယ်။
Academic Reading Multiple Choice နမူနာမေးခွန်း (အဖြေတစ်ခုသာ)Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၁) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ အလုပ်ခွင်ထဲမှာရှိတဲ့ အသက်အရွယ်ကြီးသူများ အကြောင်းကိုဖော်ပြထားပါတယ်။ အဖြေမှန်ကို ကလစ်နှိပ်ပါ။ |
Academic Reading Multiple Choice နမူနာမေးခွန်း (အဖြေတစ်ခုထက်ပိုသော)Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၁) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ အလုပ်ခွင်ထဲမှာရှိတဲ့ အသက်အရွယ်ကြီးသူများ အကြောင်းကိုဖော်ပြထားပါတယ်။ အဖြေမှန်များကို ကလစ်နှိပ်ပါ။ |
Academic Reading အချက်အလက်များကို ဖော်ထုတ်ရသော (True/False/Not Given) နမူနာမေးခွန်းAcademic Reading Multiple Choice နမူနာမေးခွန်း (အဖြေတစ်ခုသာ) Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၁) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ သိပ္ပံပညာရှင် Marie Curie အကြောင်းကိုဖော်ပြထားပါတယ်။ အဖြေမှန်များကို ကလစ်နှိပ်ပါ။ |
Academic Reading Note Completion နမူနာမေးခွန်းReading စစ်ဆေးခြင်းရဲ့ အပိုင်း (၁) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ သိပ္ပံပညာရှင် Marie Curie အကြောင်းကိုဖော်ပြထားပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေမှန်ကို ကွပ်လပ်တွင်ရေးပါ။ |
Academic Reading Matching Headings နမူနာမေးခွန်းReading စစ်ဆေးခြင်းရဲ့ အပိုင်း (၂) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ physics of traffic behaviour အကြောင်းကိုဖော်ပြထားပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေမှန်ကို ကလစ်နှိပ်ပြီး ကွပ်လပ်တွင်ထဲ့ပါ။ |
Academic Reading Summary Completion နမူနာမေးခွန်း (စာပိုဒ်ထဲမှ စကားလုံးများကိုရွေချယ်ခြင်း)Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၃) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ ရှင်းလင်းတဲ့ အင်္ဂလိပ်စာကို အသုံးပြုရေးအတွက် ‘Plain English’ လှုပ်ရှားမှု အကြောင်းကိုဖော်ပြထားပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေကို ကွပ်လပ်တွင်ရေးပါ။ |
Academic Reading Summary Completion နမူနာမေးခွန်း (စကားလုံးများ သို့မဟုတ် စကားစုများမှ ထဲမှရွေးချယ်ရခြင်း)Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၃) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ ဘာသာစကားအကြောင်း ကိုဖော်ပြထားပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေကို ကွပ်လပ်တွင်ရေးပါ။ |
Academic Reading Flow-chart Completion နမူနာမေးခွန်း (စာပိုဒ်ထဲမှ စကားလုံးများကိုရွေချယ်ခြင်း)Reading စစ်ဆေးခြင်းရဲ့ အပိုင်း (၃) မှာပါဝင်တဲ့ အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပြီး အဲဒီအထဲမှာတော့ အသက်အရွယ်ကြီးလာခြင်း ဖြစ်စဉ် ပေါ်မှာအကျိုးသက်ရောက်မှု ရှိတဲ့ ကယ်လိုရီ နည်းသော အစားအစာများအကြောင်းကို ဖော်ပြထားပါတယ်။ မေးခွန်းတစ်ခုချင်းစီအတွက်အဖြေကို ကွပ်လပ်တွင် ရေးပါ။ |
General Training Reading
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS General Training Reading မေးခွန်းပုံစံအမျိုးအစားများမှာ စာရွက်ပေါ်မှာရေးဖြေဖြေဆိုရတဲ့ စာမေးပွဲ နှင့် အတူတူပဲဖြစ်ပါတယ်။
ဖြေဆိုရမဲ့ task များကတော့ အောက်ပါအတိုင်းပါဝင်ပါတယ်။
- Multiple Choice
- Identifying Information (True/False/Not Given)
- Identifying a Writer’s Views/Claims (Yes/No/Not Given)
- Matching Information
- Matching Headings
- Matching Features
- Matching Sentence Endings
- Summary Completion
- Note Completion
- Table Completion
- Flow-chart Completion
- Diagram Label Completion
- Short Answer Questions
စာမေးပွဲရဲ့ အပိုင်း(၃)ပိုင်းစလုံးမှာ ဤမေးခွန်းပုံစံအမျိုးအစားများ တစ်ခုမဟုတ် တစ်ခုပါဝင်မှာဖြစ်ပါတယ်။ General Training Reading စာမေးပွဲရဲ့ နမူနာမေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ အဖြေပြန်တိုက်ဖို့အတွက် Answer key များ ကိုကြည့်ရှုရန်အတွက်လည်းဖော်ပြပေးထားပါတယ်။
General Training Reading - Matching information နမူနာမေးခွန်း |
General Training Reading - True/False/Not Given နမူနာမေးခွန်း |
General Training Reading Note Completion နမူနာမေးခွန်း |
General Training Reading - Sentence Completion နမူနာမေးခွန်း |
Writing
Academic Writing
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS Academic Writing မေးခွန်းပုံစံအမျိုးအစားများမှာ စာရွက်ပေါ်မှာရေးဖြေဖြေဆိုရတဲ့ စာမေးပွဲ နှင့် အတူတူပဲဖြစ်ပါတယ်။
ဖြေဆိုရမဲ့ task များကတော့ အောက်ပါအတိုင်းပါဝင်ပါတယ်။
- အပိုင်း (၁) မှာတော့ ဂရပ်ဖ်၊ ဇယား၊ ချာတ် (သို့) ပုံ ကို ကြည့်ပြီး ရေးသားဖော်ပြရခြင်း၊ အကျဉ်းချုပ် ရေးသားခြင်း (သို့) အချက်အလက်များကို ကိုယ်ပိုင်စကားလုံးများနဲ့ ရှင်းလင်းတင်ပြရမှာဖြစ်ပါတယ်။ ဒေတာအချက်အလက်များကို ရှင်းလင်း ဖော်ပြခိုင်းခြင်း၊ လုပ်ငန်းစဉ် (သို့) ဖြစ်စဉ် အဆင့်ဆင့်တို့ကို ဖော်ပြခိုင်းခြင်း များပါဝင်ပါတယ်။
- အပိုင်း (၂) မှာတော့ အက်ဆေးတစ်ခုကို ထင်မြင်ချက်၊ အငြင်းပွားစရာ (သို့) ပြဿနာ တစ်ခုကို တုံ့ပြန်ရေးသားရမှာဖြစ်ပါတယ်။
Academic Writing စာမေးပွဲ နမူနာ မေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ band score များနဲ့ စာမေးပွဲစစ်ဆေးသူများရဲ့ ထင်မြင်သုံးသပ်ချက်များနဲ့ အတူ နမူနာ အဖြေ များကိုလည်း ဖော်ပြပေးထားပါတယ်။
Academic Writing စာမေးပွဲ နမူနာမေးခွန်းများAcademic Writing အပိုင်း (၁) နမူနာများကို ကြည့်ရန် Academic Writing အပိုင်း (၂) နမူနာများကို ကြည့်ရန် band score များနဲ့ စာမေးပွဲစစ်ဆေးသူများရဲ့ ထင်မြင်သုံးသပ်ချက်များနဲ့ အတူ အပိုင်း (၁) နဲ့ အပိုင်း (၂) နမူနာဖြေကြားချက်များ
|
General Training Writing
ကွန်ပြူတာဖြင့်ဖြေဆိုရတဲ့ IELTS General Training Writing မေးခွန်းပုံစံအမျိုးအစားများမှာ စာရွက်ပေါ်မှာရေးဖြေဖြေဆိုရတဲ့ စာမေးပွဲ နှင့် အတူတူပဲဖြစ်ပါတယ်။
ဖြေဆိုရမဲ့ task များကတော့ အောက်ပါအတိုင်းပါဝင်ပါတယ်။
- အပိုင်း (၁) မှာတော့ အခြေအနေတစ်ရပ် ကိုဖော်ပြထားပြီး အဲဒီအခြေအနေကို သတင်းအချက်အလက်မေးမြန်းခြင်း (သို့) ရှင်းလင်းဖော်ပြပေးရတဲ့ စာတစ်စောင်ကိုရေးသားခိုင်းမှာဖြစ်ပါတယ်။
- အပိုင်း (၂) မှာတော့ အက်ဆေးတစ်ခုကို ထင်မြင်ချက်၊ အငြင်းပွားစရာ (သို့) ပြဿနာ တစ်ခုကို တုံ့ပြန်ရေးသားရမှာဖြစ်ပါတယ်။
General Training Writing စာမေးပွဲ နမူနာ မေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ band score များနဲ့ စာမေးပွဲစစ်ဆေးသူများရဲ့ ထင်မြင်သုံးသပ်ချက်များနဲ့ အတူ နမူနာ အဖြေ များကိုလည်းဖော်ပြပေး ထားပါတယ်။