ကွန်ပျူတာဖြင့် ဖြေဆိုရသော IELTS နှင့် စာရွက်ပေါ်တွင် ရေးဖြေဖြေဆိုရသော IELTS အကြားရွေးချယ်ရခက်နေပါသလား။
IELTS ဖြေဆိုရာမှာမိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝဖြင့် အဆင်ပြေချောမောစွာဖြေဆိုနိုင်ဖို့ အတွက် သင့်တော်မှန်ကန်သော ရွေးချယ်မှုဖြစ်စေဖို့ လိုအပ်ပါသည်။
ကွန်ပျူတာဖြင့် ဖြေဆိုရသော IELTS ၏ စာမေးပွဲပုံစံ၊ သွင်ပြင်များနှင့် ပတ်သက်ပြီး အမေးများလေ့ရှိသော မေးခွန်းများ နှင့် အချက်အလက်များကို ဖော်ပြပေးထားပါသည်။ အဖြေများကိုဖတ်ရှုရန်အတွက် မေးခွန်းတစ်ခုချင်းစီကို ကလစ်နှိပ်ပါ။