IELTS on Computer အစိန် စာမေးပွဲကြီးကို မဖြေဆိုခင် အစမ်း computer test စာမေးပွဲ ကိုဖြေဆိုကာ လိုအပ်တာများကို ကြိုတင်ပြင်ဆင်လိုက်ပါ။
Practice Test ရဲ့ အကျိုးကျေးဇူး နှင့် အဓိကအားသာချက်များ
- အခမဲ့ IELTS on computer test မေးခွန်းအပြည့်အစုံ အစ၊ အဆုံး စီစဉ်ပေးခြင်း - ၂နာရီ မိနစ် (၃၀) စာ Listening, Reading နှင့် Writing မေးခွန်းအပြည့်အစုံထောက်ပံ့ပေးခြင်းကြောင့် တကယ့် စာမေးပွဲကဲ့သို့ ဖြေဆိုလေ့ကျင့်နိုင်ပါတယ်။
- Academic နှင့် General Training မေးခွန် ပုံစံ ၂မျိုးလုံးရရှိခြင်း - မိမိ ကြိုက်နှစ်သက်ရာ မေးခွန်းပုံစံကို ရွေးချယ်ဖြေဆို ရယူနိုင်ပါတယ်။
- Listening နဲ့ Reading စာမေးပွဲ အတွက် အခမဲ့ အဖြေလွှာစစ်ဆေးပေးပြီး အစမ်းဖြေဆိုသူ Email သို့ အဖြေလွှာကို တိုက်ရိုက်ပေးပို့ပေးပါတယ်။
- IELTS အစိန်စာမေးပွဲ ကဲ့သို့ မဟုတ်ဘဲ Test Session တိုင်း မှာ ‘Finish Section’ button ပါဝင်တာကြောင့် session တစ်ခုခြင်းဆီတိုင်း မေးခွန်းနဲ့ အဖြေလွှာကို သင်စိတ်ကြိုက် နှံ့နှံ့ စပ်စပ်ကြည့်ရှုနိုင်တာကြောင့် တကယ့်စာမေးပွဲကြီးအတွက် လိုအပ်တာများကို ကြိုတင်ခန့်မှန်း မှတ်ယူနိုင် ပါတယ်။
- ကြိုတင်စာရင်းပေးသွင်းစရာ မလိုအပ်ဘဲ အချိန်မရွေးနေရာမရွေး ဝင်ရောက်ဖြေဆိုလေ့ကျင့်နိုင်ပါတယ်။
- ကွန်ပြူတာ၊ tablet (သို့) mobile ဖုန်းများ နဲ့ အဆင်ပြေစွာ ဝင်ရောက် အသုံးပြုလေ့ကျင့်နိုင်ပါတယ်။ (တကယ့်စာမေးပွဲ အတိုင်းရင်းနှီးကျွမ်းဝင်စွာ ဖြေဆိုနိုင်ရန် ကြည်လင်ပြတ်သားသောဖန်သားပြင်ရှိသည့် computer နှင့်ဖြေဆိုရန် အကြံပေးအပ်ပါသည်။)